အယ်(လ်)စီ သံမဏိတိုင်ကီထုတ်လုပ်ရေးကုမ္ပဏီမှ လှိုက်လှဲစွာကြိုဆိုပါသည်
ဖုန်း 084-5611369 ရီနား အီးမေး : lesteedrum@yahoo.com

ကုမ္ပဏီသမိုင်းကြောင်း
အယ်(လ်)စီ သံမဏိတိုင်ကီထုတ်လုပ်ရေးကုမ္ပဏီအား ခွန်လပ်ခဏာနှင့် ခွန်ချိုင်းစရီ စရီထစ်ဝါနစ်တို့မှ စတင်တည်ထောင်ခဲ့ပြီး အစပိုင်းတွင် “ချိုင်းစရီခါ့ထန်” အမည်ဖြင့် မှတ်ပုံတင်ခဲ့ကာ နောက်ပိုင်းတွင် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့သည်။

ကုမ္ပဏီသည် စောစောပိုင်းတွင် ပလပ်စတစ်တိုင်ကီများ သံတိုင်ကီအမျိုးမျိုးဝယ်ယူရေးဖြင့် စတင်လုပ်ကိုင် ခဲ့ပြီး စီမံခန့်ခွဲသူမန်နေဂျာ၏အမြော်အမြင်ကြီးမားမှုကြောင့် အသုံးပြုပြီးပြန်လည် Recycle လုပ်သည့်လုပ်ငန်းအား လက်တွေ့အသုံးချနိုင်ရန် လမ်းစတွေ့ရှိခဲ့သည်။ ထို့ကြောင့် စက်ရုံနှင့်မြေတိုးချဲ့ခြင်း၊ တိုင်ကီပြင်ဆင်ခြင်း၊ ဆေးကြောခြင်း၊ ဆေးသုတ်ခြင်း လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လောင်စာဆီဗူး၊ ရေနံစိမ်းဗူး၊ စက်သုံးဆီဟောင်းဗူး၊ စက်သုံးဆီအမျိုးမျိုးဗူးများ၊ အသုံးပြုပြီးပါကအန္တရာယ်မရှိသည့်ပစ္စည်းများ ဥပမာ အ၀တ်စလက်အိတ်၊ သံဗူး၊ ၃၀လီတာထိ အရောင်သုတ်ဆေးဗူးများ စသည့် ရောင်းဝယ်ရေးကိုပါ လုပ်ဆောင်ခဲ့သည်။

ဆက်လက်၍ စက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာမှုကြောင့် နောက်ဆက်တွဲပြသနာဖြစ်ပေါ်လာသည်မှာ စက်မှုလုပ်ငန်းများကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပွားလာသည်။ ထို့ကြောင့် လေထုညစ်ညမ်းမှုကို နည်းလမ်း မှန်ကန်စွာ ထိမ်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။ အဆိုပါအကြောင်းရင်းကြောင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အရ ခွင့်ပြုချက်လျှောက်ထားခဲ့ရာ စက်မှုဝန်ကြီးဌာနမှ ခွင့်ပြုချက်အမှတ်စဉ် ၁၀၅ နှင့် ၁၀၆ ဖြင့် ခွင့်ပြုချက်ရရှိခဲ့သည်။ အထူးသဖြင့် စက်မှုလုပ်ငန်းများမှထွက်ရှိသော စွန့်ထွက်ပစ္စည်းများ၏ အရည်အသွေး ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးသည့်ဝန်ဆောင်မှုအား အဓိက၀န်ဆောင်မှုပေးပြီး မိလ္လာများနှင့် အသုံးမပြုတော့သည့်ပစ္စည်းများ ခွဲခြားခြင်း၊ Recycle ပြုလုပ်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ကုမ္ပဏီမှ သုံးစွဲသူများ အသစ်တဖန် ပြန်လည် အသုံးပြုနိုင်ရန် ပြုလုပ်ပေးသည်။

အဆိုပါအစမှအဆုံးဝန်ဆောင်မှုပေးနိုင်ခြင်းကြောင့် အသုံးမပြုတော့သည့်ပစ္စည်းများအား နည်းလမ်း မှန်ကန်စွာ ဥပဒေနှင့်အညီ Recycle ပြုလုပ်သည့်ဝန်ဆောင်မှုပေးရန်အတွက် ကုမ္ပဏီသည် အခြားသောအဓိက ကုမ္ပဏီများနှင့်အတူ လေလံတင်သွင်းနိုင်ခဲ့သည်။ စက်မှုလုပ်ငန်းဌာနမှ ထောက်ခံချက်ရရှိထားပြီး ၁၀၀% ပြန်လည်စစ်ဆေးမှု ပြုလုပ်နိုင်သည့်အတွက်ကြောင့် ဖောက်သည်များသည် ကျွန်ုပ်တို့၏၀န်ဆောင်မှုနှင့် ကုန်ပစ္စည်းများအား ယုံကြည်စိတ်ချမှု ရရှိခဲ့သည်။

၁၉၉၂ ခုနှစ်မှစတင်၍ ကုမ္ပဏီသည် အတွေ့အကြုံနှင့်ကျွမ်းကျင်မှုတို့မှ တိုင်ကီများဆေးကြောခြင်းလုပ်ငန်း အောင်မြင်မှုရရှိခဲ့သည်။ ၀န်ထမ်းများ၏ တတ်ကျွမ်းမှု ကျွမ်းကျင်ပိုင်နိုင်မှုတို့၏ ရလာဒ်ဖြစ်ပြီး သုံးစွဲသူများထံ စံချိန်မှီ ကုန်ပစ္စည်းများပေးပို့နိုင်ရန် ကြိုးကြိုးစားစား စိတ်ဝင်တစားဆောင်ရွက်ပြီး လုပ်ငန်းအား စွမ်းအားပြည့် မြှုပ်နှံလုပ်ကိုင်သည့် ၀န်ထမ်းအရင်းအမြစ်ပိုင်ဆိုင်မှုကြောင့် သုံးစွဲသူအုပ်စုအမျိုးအစားအလိုက် လိုအပ်သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအမျိုးမျိုးအား ယုံကြည်စိတ်ချစွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။

လုပ်ငန်းစံချိန်စံနှုန်း
အယ်(လ်)စီ သံမဏိတိုင်ကီထုတ်လုပ်ရေးကုမ္ပဏီသည် ရှိနေသော အရင်းအမြစ်ကို စီမံခန့်ခွဲခြင်း၊ အဆုံးစွန်သောအကျိုးဖြစ်ထွန်းမှုရှိရန်ဦးစားပေးဆောင်ရွက်ခြင်း၊ အကန့်အသတ်ရှိသော လက်ရှိအရင်းအမြစ်ကို ဖျက်ဆီးမှုမပြုခြင်း၊ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမှုမပြုခြင်း စသည့် စီးပွားရေးစီမံခန့်ခွဲမှုနှင့် လုပ်ငန်းစဉ်များအား ပုံစံပြောင်းလဲဖော်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့သည် စက်မှုဝန်ကြီးဌာနမှ ထောက်ခံချက်နှင့်စံချိန်စံနှုန်းများ ရရှိထားသည့် စက်မှုလုပ်ငန်းများမှထွက်ရှိသောပတ်ဝန်းကျင်ညစ်ညမ်းမှု ထိမ်းသိမ်းစောင့်ရှောက်ရေးစနစ်ကို အသုံးပြုခဲ့ပြီး အရည်အသွေးစံနှုန်းတွင် ဖောက်သည်များ၏ ယုံကြည်စိတ်ချမှုရရှိစေရန်၊ လျှင်မြန်စွာဆောင်ရွက်ပေးမှုတွင် အားရကျေနပ်မှုရှိစေရန်၊ အာမခံချက် အချင်းချင်းအပြန်အလှန်ရရှိစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ရွေးချယ်ပြီး အသိပညာ၊ အတတ်ပညာ၊ လုပ်ငန်းကျွမ်းကျင်မှု၊ ကုမ္ပဏီ၏ရည်မှန်းချက်ပန်းတိုင်အတိုင်း စံနှုန်းမှီ လုပ်ငန်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပါသည်။

အမြင်(Vision)
အရည်အသွေးကောင်းမွန်ပြီး အသစ်အဖြစ် အစားထိုးအသုံးပြုနိုင်မည့် Recycle ကုန်ပစ္စည်းများအား အားပေး တီထွင်ရန်၊ ကုန်ပစ္စည်းများအပေါ် သုံးစွဲသူများ၏ အပြည့်အ၀ ယုံကြည်စိတ်ချမှု ရရှိရန်အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်မှုနှင့်အတူ အဆက်မပြတ် ကြံဆတည်ထွင်သွားရန်၊

ခံယူချက်(Mission)

  • *စံချိန်မှီစီမံခန့်ခွဲမှုစနစ်အား ပိုမိုကောင်းမွန်အောင်ပြုလုပ်မည်
  • လူမှုပတ်ဝန်းကျင်၏ယုံကြည်စိတ်ချမှုနှင့်တာဝန်ယူမှုရှိသည့် ထူးချွန်ပြောင်မြောက်သော ၀န်ထမ်းအရင်းအမြစ် ပိုမိုကောင်းမွန်အောင်ပြုလုပ်မည်
  • ရိုးသားကြိုးစားသစ္စာရှိသော၊ ကျေးဇူးတရားသိတတ်သောဝန်ထမ်းဖြစ်စေရန်နှင့် လုပ်ငန်းကျွမ်းကျင်ထူးချွန်သော ၀န်ထမ်းများဖြစ်ရန် စီမံခန့်ခွဲသွားမည်

  • ကျွန်ုပ်တို့သည် တိုင်ကီမှ ပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင် ညစ်ညမ်းနိုင်သည်ကို နားလည်သဘောပေါက်ပါသည်။
  • ကျွန်ုပ်တို့သည် တည်ထွင်ကြံဆမှုနှင့်အကောင်းမွန်ဆုံးဝန်ဆောင်ဖြစ်ရန် အင်တိုက်အားတိုက်ဆောင်ရွက်ပါမည်။
  • ငွအင်အားတိုးတက်ကောင်းမွန်မှုရှိရန် အဆက်မပြတ် ရေရှည်တည်တံ့ရမည်

စီးပွားရေးလုပ်ငန်း
အယ်(လ်)စီ သံမဏိတိုင်ကီထုတ်လုပ်ရေးကုမ္ပဏီသည် စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုအမှတ်စဉ် ၁၀၅ နှင့် ၁၀၆ ဖြင့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိထားပြီး စက်မှုလုပ်ငန်းမှထွက်ရှိသောစွန့်ပစ်ပစ္စည်းများညစ်ညမ်းမှု ထိမ်းသိမ်းကွပ်ကဲခြင်းဝန်ဆောင်မှုပေးခြင်း၊ မိလ္လာ သို့မဟုတ် အသုံးမပြုတော့သည့်ပစ္စည်းများ စက်ရုံပြင်ပသို့ စွန့်ပစ်ရန် ခွဲခြားခြင်းနှင့် အသစ်တဖန်ပြန်လည်အသုံးပြုနိုင်ရန် Recycle ပြုလုပ်ပေးခြင်း စသည့်ဝန်ဆောင်မှုလုပ်ငန်း များ လုပ်ဆောင်သည်။

ခွင့်ပြုချက
လက်ရှိအချိန်တွင် စက်မှုလုပ်ငန်းများဆက်တိုက်တိုးပွားများပြားလာပြီး တချိန်တည်းမှာပင် နောက်ဆက်တွဲအနေဖြင့် လေထုညစ်ညမ်းမှုနှင့် ရှောင်လွှဲနိုင်ခြင်း မရှိနိုင်ပါ။ ထို့ကြောင့် ၄င်းတို့အား ထိမ်းသိမ်းကွပ်ကဲရန်လိုအပ်လာပြီး နည်းလမ်းမှန်ကန်မှုရှိစေရန်၊ ဥပဒေနှင့်ညီညွန်မှုရှိစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်ရှိ သတ္တ၀ါများ၊ သက်ရှိများအား မထိခိုက်ရန် လိုအပ်ပါသည်။ ကုမ္ပဏီသည် ၄င်းနှင့်ပတ်သက်သောစီးပွားရေးလုပ်ငန်းအား တရားဝင် ၀န်ဆောင်မှုအပြည့်အ၀ လုပ်ကိုင်ခွင့်ရရှိထားပြီး ကုမ္ပဏီအား ယုံကြည်စိတ်ချ အားထားနိုင်ပါသည်။

ใบอนญาต 8410 copy

သယ်ယူပို့ဆောင်ရေး
စက်မှုဝန်ကြီးဌာန၏ စွန့်ပစ်ပစ္စည်းများ ရွှေ့ပြောင်းခြင်းနှင့်ပတ်သက်၍ ကြေညာချက်အရ စက်ရုံမှရွှေ့ပြောင်းမှုမပြုမီ ရွှေ့ပြောင်းရာတွင်အသုံးပြုမည့်ယာဉ်အား စစ်ဆေးမှုခံယူရန်လိုအပ်ပြီး စွန့်ပစ်ပစ္စည်းများ ရွှေ့ပြောင်းမှုမပြုမီ ၀န်ကြီးဌာနအား အကြောင်းကြားရမည်။ ထို့နောက် ယာဉ်တွင်ကပ်ထားရန် စွန့်ပစ်ပစ္စည်းများ ရွှေ့ပြောင်းမှု ကွပ်ကဲနံပါတ်ရရှိမည်။ ထို့အပြင် ကုမ္ပဏီတွင် သယ်ယူပို့ဆောင်မည့်ယာဉ်အားလုံးအတွက် အန္တရာယ်ရှိပစ္စည်း လက်ဝယ်ထားရှိမှု (KD.8) ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ကြေညာချက်အရ ယာဉ်အမြန်နှုန်းနှင့် ယာဉ်မောင်းသူအားပြန်လည်စစ်ဆေးနိုင်မှု ရှိစေရန် စွန့်ပစ်ပစ္စည်းများသယ်ဆောင်မည့်ယာဉ်အားလုံးတွင် တည်နေရာဖော်ပြသည့်စနစ် (GPS) တပ်ဆင်ထား ရမည်။

ကုမ္ပဏီအနေဖြင့် ၄င်းသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီမှသယ်ယူပို့ဆောင်ရေးယာဉ်အားလုံး အား GPS စနစ်ဖြင့် အမြဲတမ်းလိုက်ရှာပြီး စစ်ဆေးနိုင်သည်။

เราใช้คุกกี้เพื่อพัฒนาประสิทธิภาพ และประสบการณ์ที่ดีในการใช้เว็บไซต์ของคุณ คุณสามารถศึกษารายละเอียดได้ที่ นโยบายความเป็นส่วนตัว และสามารถจัดการความเป็นส่วนตัวเองได้ของคุณได้เองโดยคลิกที่ ตั้งค่า

Privacy Preferences

คุณสามารถเลือกการตั้งค่าคุกกี้โดยเปิด/ปิด คุกกี้ในแต่ละประเภทได้ตามความต้องการ ยกเว้น คุกกี้ที่จำเป็น

Allow All
Manage Consent Preferences
  • Always Active

Save